Skip to main content

လုပ်ဆောင်ချက်များ

ပြည်ထောင်စုလွှတ်တော်၏ အဓိကလုပ်ငန်းမှာ ဥပဒေပြုရေးပင်ဖြစ်သည်။ ထို့ပြင်နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း။ နိုင်ငံတော်သမ္မတကပေးပို့သော သဝဏ်လွှာနှင့် နာယကက ခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း။ ဥပဒေကြမ်းများ တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း။ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း။ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း။ ပြည်ထောင်စုလွှတ်တော် နာယကက ခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ပါသည်။

ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုလွှတ်တော ်သည် အများပြည်သူ ပိုက်ဆံသုံးခွင့် ဆိုင်ရာများကို အစည်းအဝေးများ ပြုလုပ်၍ အစိုးရအပေါ် ဘဏ္ဍာငွေများ ချထားပေးခြင်း၊ အစိုးရ၏ လှုပ်ရှားမှုများစိစစ်ခြင်း များကို ဆွေးနွေးနေသော ဖိုရမ်တစ်ခုဖြစ်ပါတယ်။ အများ၏လုပ်ငန်းများကို ပါလီမန်က-၎င်း၏အဖွဲ့ဝင်များ, လွတ်တော်အမတ်များနှင် ့လွှတ်တော် ပါလီမန်ဌာနဆိုင်ရာ ဝန်ထမ်းများ က ကော်မတီများကိုဖွဲ့စည်းပေးခြင်းများ ပြုလုပ်ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေးစတင်သည့် နေ့ရက်မှ ၁၅ ရက်အတွင်းကျင်းပရမည်။ အမျိုးသားလွှတ်တော်သည်လည်း အဆိုပ

နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း မှတ်တမ်းများ၊ နိုင်ငံတော်သမ္မတကပေးပို့သော သဝဏ်လွှာနှင့် နာယကက ခွင့်ပြုသော အခြားသဝဏ်လွှာ မှတ်တမ်းများ၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသည့်အစီရင်ခံ

ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပ​ေါင်းကော်မတီတို့ရှိ၍ ဥပဒေပြုရေး၊  အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြ

ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် ပြည်ထောင်စုအခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို တင်သွင်း ဆွ

ပြဋ္ဌာန်းပြီးဥပဒေများ

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြဌာန်းပြီးသော ဥပဒေများကို ဖော်ပြထားပါသည်။