Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ | posted 17.02.2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ် (၈)ခုဖြင့် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)တိုးတက်ကောင်းမွန်ရေးစီမံကိန်းဆောင်ရွက်ရန်အတွက် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၁-၂-၂၀၁၇ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ဧရာ၀တီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်နှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း တို့မှ ဆွေးနွေးသည်။ ယင်းဆွေးနွေးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၏ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းအား ၂၀-၂-၂၀၁၇ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်း နှင့် အဋ္ဌမနေ့ ကို ၂၀-၂-၂၀၁၇ ရက် (တနင်္လာနေ့) နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပမည်ဖြစ်သည်။