Skip to main content

စာကြည့်တိုက်

သတင်းအချက်အလက် အရင်းအမြစ်၊ လူသားအရင်းအမြစ်၊ သယံဇာတအရင်းအမြစ် စသည် လူလားမျိုးနွယ်များအတွက် လိုအပ်သော အရင်းအမြစ်များကို ရှာဖွေစုဆောင်းခြင်းသည်လည်း ကောင်းမွန်သည် လုပ်ငန်းတစ်ခုဖြစ်သည်။ လွှတ်တော်အနေဖြင့် စာကြည့်တိုက်ကဏ္ဍ နှင့် သုတေသနကဏ္ဍနှစ်ထားရှိပါသည်။ စာကြည့်တိုက်ကဏ္ဍတွင် လွှတ်တော်နှင့်စပ်လျဉ်းသည့် စာအုပ်များနှင့် သုတေသနကဏ္ဍတွင် လူသားအရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းများ စွမ်းရည်မြှင့် သင်တန်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေပြုလုပ်ငန်းတွင် ပိုမိုထိရောက်စွမ်းဆောင်နိုင်ရန်အတွက် ကဏ္ဍအလိုက် စာတမ်းများကို သုတေသနပြုဆောင်ရွက်ပါသည်။

လွှတ်တော်စာကြည့်တိုက်

နောက်ခံသမိုင်းကြောင်း

လွှတ်တော်စာကြည့်တိုက်သည် ၁၉၇၄ ခုနှစ်၊ မတ်လတွင် ပြည်သူ့လွှတ်တော်ရုံး၊ ရန်ကုန်မြို့၌ စတင်တည်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၀)သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ရုံးအမှတ်(၂၀)မှ ယခုစာကြည့်တိုက်တည်ရှိရာ လွှတ်တော်ဝင်းအတွင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လွှတ်တော်စာကြည့်တိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ လွှတ်တော်စာကြည့်တိုက်၊ e-Library အပါအဝင် ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ စာကြည့်တိုက်ပညာရှင်များ(ပြည်တွင်း) ဖိတ်ခေါ်ဆွေးနွေးခြင်းများ ပြုလုပ်၍ လွှတ်တော်စာကြည့်တိုက်ကို စတင်၍ပြည်လည်ထူထောင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၁ ခုနှစ်၊ လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပခဲ့သည့် ကာလအတွင်း မှ ယနေ့ထိ လွှတ်တော်စာကြည့်တိုက်ကို စာအုပ်၊စာတမ်းများ ထပ်မံဖြည့်ဆည်းခြင်း၊ စာကြည့်တိုက် ပညာရှင်ဝန်ထမ်းများထပ်မံခန့်အပ်ခြင်း၊ ကွန်ပျူတာနှင့်စပ်ဆက်ပစ္စည်းများ၊ စာကြည့်တိုက် ပရိဘောဂများ ထပ်မံဖြည့်ဆည်းခြင်း၊    e-Library ထူထောင်နိုင်ရန် Library Management Software အသုံးပြုဆောင်ရွက်၍ ဌာနဆိုင်ရာအကြီးအမှူးများ၏ လမ်းညွှန်ချက်များနှင့်အညီ လွှတ်တော်စာကြည့်တိုက် ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား ထိရောက်စွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။

စုဆောင်းထားရှိမှုများ(၂၀၁၅ခုနှစ်၊အောက်တိုဘာလထိ)

စဉ် အကြောင်းအရာ မြန်မာ အင်္ဂလိပ် စုစုပေါင်း
၁။ စာကြည့်တိုက်ရှိစာအုပ်များ ၁၃၂၄၄ ၅၂၀၄ ၁၈၄၄၈
၂။ e-Library ရှိ e-book များ  ၂၁၄၀ ၇၆၄၈ ၉၇၈၈
၃။ e-Lib စာရင်းသွင်းစာအုပ်များ  ၈၅၀၀ ၄၈၄၉ ၁၃၃၄၉
၄။ မော်ကွန်းမှတ်တမ်းဝင်စာအုပ်များ ၅၂၇၃  ၂၈၇  ၅၅၆၀

 

စာကြည့်တိုက်ဝန်ဆောင်မှုများ                                                                                                                                                                                                                                         ၆.၁၁.၂၀၁၅
        -    လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ လေ့လာဖတ်ရှုနိုင်ရန် ပြည်ထောင်စု လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်အပေါ်ထပ်တွင် လွှတ်တော်စာကြည့်တိုက်စီစဉ် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

        -    သမာရိုးကျစာကြည့်တိုက်နှင့် e-library (၂)မျိုး စီစဉ်ထားရှိပါသည်။ 

သမာရိုးကျစာကြည့်တိုက်
        -    စာအုပ်များကို စာကြည့်တိုက်ပညာရပ်ဆိုင်ရာ Dewey Decimal Classification System ဘာသာရပ်(၁၀)ခု ခွဲခြားစီစဉ်ထားပြီး ရည်ညွှန်းစာအုပ်များလည်း စုဆောင်း ထားပါသည်။

        -    ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ စာအုပ်များကို အဓိကထားစုဆောင်းပါသည်။

e-library
        -    e-library မှ စုဆောင်းထားသော စာအုပ်များကို  (လွှတ်တော် Network အတွင်း Mozilla, Internet explorer, Chrome စသည့် web browser များ၏ Address Bar တွင်) 172.31.130.1:8080   ရိုက်ထည့်၍ ရှာဖွေဖတ်ရှုနိုင်ပါသည်။ 

        -    စာကြည့်တိုက်ရှိစာအုပ်များကို (လွှတ်တော် Network အတွင်း Mozilla, Internet explorer, Chrome စသည့် web browser များ၏ Address Bar တွင်) 172.31.130.2/elib ကို ရိုက်ထည့်၍ e-lib server တွင်  ရှာဖွေဖတ်ရှုနိုင်ပါသည်။

ပြည်ထောင်စုလွှတ်တော်ရုံးစာဖတ်ခန်း

        -    လွှတ်တော်ကိုယ်စားလှယ်များ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမအနီး၌ စာဖတ်ခန်းထား၍ ဝန်ဆောင်မှုပေးပါသည်။
        -    စာဖတ်ခန်းရှိ ကွန်ပျူတာများတွင် e-book များကို ဖတ်ရှုနိုင်ပါသည်။
        -    စာကြည့်တိုက်ရှိ စာအုပ်များကို e-lib Server တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။ 
        -    နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ နောက်ဆုံးထွက် ရှိသည့် စာအုပ်များကို ဖတ်ရှုနိုင်ပါသည်။ 

ပြည်ထောင်စုလွတ်တော်စာကြည့်တိုက်၏ Facebook Link ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ -https://www.facebook.com/HluttawLibrary)