Skip to main content

လွှတ်တော် | ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုလွှတ်တော်ကို အောက်ပါလွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းပါသည် -
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်သူ့လွှတ်တော် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် ၁၁၀ ဦး ထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးကောက်တင်မြှောက်သည့် ၁၆၈ဦးထက် မပိုသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည် စာရင်းတင်သွင်းသည့် ၅၆ ဦးထက် မပိုသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။
ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့် အညီသာ ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်

၇၉။ ပြည်ထောင်စုလွှတ်တော်ကို အောက်ပါလွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းပါသည် -

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်သူ့လွှတ်တော် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် ၁၁၀ ဦး ထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊

( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ရွေးကောက်တင်မြှောက်သည့် ၁၆၈ဦးထက် မပိုသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည် စာရင်းတင်သွင်းသည့် ၅၆ ဦးထက် မပိုသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။

၈၀။ ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏သက်တမ်းနှင့် အညီသာ ဖြစ်ပါသည်။