Skip to main content

  • နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-parliamentary Union) ဆိုသည်မှာ အချုပ်အခြာ အာဏာပိုင်နိုင်ငံများ၏ ပြည်ထောင်စုအဆင့် ပါလီမန်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာပါလီမန် ဆိုင်ရာ အဖွဲ့အစည်းတစ်ခုပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များဖြစ်ကြသော အင်္ဂလိပ်လူမျိုး ပါလီမန်အမတ် William Randal Cremer  (၁၉၀၃) နှင့် ပြင်သစ်လူမျိုး ပါလီမန်အမတ် Frederic Passy (၁၉၀၁)တို့က ၁၈၈၉ ခုနှစ်တွင် IPU ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ IPU ဖွဲ့စည်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ် ခိုင်မာစွာ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ကမ္ဘာ့ပါလီမန်များအကြားတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါသည်။ IPU ၏အဓိက ဆောင်ရွက်လျက်ရှိသော နယ်ပယ်ကဏ္ဍများမှာ ဒီမိုကရေစီ ထွန်းကား ရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ တိုးတက်ခိုင်မာရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ်ဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါသည်။ လက်ရှိ IPU တွင် အဖွဲ့ဝင်ပါလီမန် စုစုပေါင်း ၁၇၀ ရှိပြီး မြန်မာ့လွှတ်တော်သည် IPU အဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပါသည်။

 

မူဝါဒလုပ်ငန်းစဉ်

 

IPU သည်ယင်း၏ရည်ရွယ်ချက်များကို
အောက်ပါမူဝါဒလုပ်ငန်းစဉ်များနှင့်အညီ
အကောင်အထည်ဖော် ဆောင်ရွက်ပါသည်

  • ပါလီမန်များအကြားတွင် ထိတွေ့ညှိနှိုင်း၍ အတွေ့အကြုံချင်း ဖလှယ်ကြရန်၊
  • ကမ္ဘာ့နိုင်ငံများနှင့်ပတ်သက်သော ကိစ္စရပ်များကို အဖြေရှာနိုင်ရန်အတွက်    မိမိ၏အမြင်ကို ဖော်ပြရန်၊
  • လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် တိုးတက်ဖော်ဆောင်ရန်၊
  • လွှတ်တော်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်။

 

အဖွဲ့ဝင်ပါလီမန်များ

 

IPU ဌာနချူပ်သည်ဂျနီဗာမြို့တွင်ရှိပါသည်။
ညီလာခံအစည်းအဝေးကိုတစ်နှစ်လျှင်
(၂)ကြိမ်ကျင်းပပါသည်။မြန်မာနိုင်ငံနှင့်ဒေသတွင်းနိုင်ငံများဖြစ်ကြသည့်IPU အဖွဲ့ဝင်နိုင်ငံများမှာ-

 

  • သြစတြေးလျနိုင်ငံ
  • ကမ္ဘောဒီးယားနိုင်ငံ
  • ကိုရီးယားနိုင်ငံ
  • အိန္ဒိယနိုင်ငံ
  • ဂျပန်နိုင်ငံ
  • မလေးရှားနိုင်ငံ
  • ဖိလစ်ပိုင်နိုင်ငံ
  • စင်္ကာပူနိုင်ငံ

 

 

 

 

အဖွဲ့ဝင်ပါလီမန်များ (၂)

 

IPU ဌာနချူပ်သည်ဂျနီဗာမြို့တွင်ရှိပါသည်။
ညီလာခံအစည်းအဝေးကိုတစ်နှစ်လျှင်
(၂)ကြိမ်ကျင်းပပါသည်။မြန်မာနိုင်ငံနှင့်ဒေသတွင်းနိုင်ငံများဖြစ်ကြသည့်IPU အဖွဲ့ဝင်နိုင်ငံများမှာ-

 

  • အင်ဒိုနီးရှားနိုင်ငံ
  • လာအို နိုင်ငံ
  • ပါကစ္စတန်နိုင်ငံ
  • ရုရှားနိုင်ငံ
  • သီရိလင်္ကာနိုင်ငံ
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ
  • တရုတ်ပြည့်သူ့သမ္မတနိုင်ငံ
  • အရှေ့တီမောနိုင်ငံ