Skip to main content

AIPA (ASEAN Inter-Parliamentary Assembly) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ ဥပဒေပြုလွှတ်တော်များဖြင့်ဖွဲ့စည်းထားသည့် ဒေသဆိုင်ရာ ဥပဒေပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ AIPA ကို အာဆီယံ၏ မဏ္ဍိုင် ၃ ရပ်ဖြစ်သည့် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု ကဏ္ဍများ တိုးတက်ရေးအတွက် အဖွဲ့ဝင်ပါလီမန်များအချင်းချင်း ကွန်ယက်ချိတ်ဆက် ဆောင်ရွက် ခြင်းဖြင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ပါသည်။ မြန်မာလွှတ်တော်အား AIPA အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် (၃၂) ကြိမ်မြောက် အထွေထွေ ညီလာခံက လက်ခံအတည်ပြုခဲ့ပါသည်။ AIPA အဖွဲ့ဝင် ပါလီမန် ၁၀ ရပ်ရှိပြီး လေ့လာသူအဖွဲ့ဝင် ပါလီမန် ၁၂ ရပ်လည်း AIPA အထွေထွေညီလာခံများသို့ တက်ရောက်လေ့ရှိ ပါသည်။

 

AIPA အဖွဲ့ဝင်ပါလီမန်များ

 

AIPA အဖွဲ့ဝင်များဖြစ်ကြသော
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ
ဥပဒေပြုလွှတ်တော်များ

  • ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဥပဒေပြုကောင်စီ
  • ကမ္ဘောဒီးယားဘုရင့်နိုင်ငံ အမျိုးသားလွှတ်တော်
  • အင်ဒိုနီးရှားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်
  • လာအိုအမျိုးသားလွှတ်တော်
  • မလေးရှား နိုင်ငံ ဒီဝန်နီဂရာနှင့် ဒီဝန်ရာကျတ်လွှတ်တော်
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်
  • ဖိလစ်ပိုင်နိုင်ငံ ကွန်ဂရက်လွှတ်တော်၊
  • စင်ကာပူနိုင်ငံ ပါလီမန်၊
  • ထိုင်းဘုရင့်နိုင်ငံ အမျိုးသားလွှတ်တော်
  • ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ အမျိုးသားလွှတ်တော်

 

AIPA လေ့လာသူအဖွဲ့ဝင်ပါလီမန်များ

 

AIPA ၏ လေ့လာသူအဖွဲ့ဝင်ပါလီမန်များ -

 

  • သြစတြေးလျပါလီမန်
  • ဘယ်လာရုစ်အမျိုးသားလွှတ်တော်
  • ကနေဒါပါလီမန်
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့
  • ကွန်ဂရက်
  • ဥရောပပါလီမန်
  • အိန္ဒိယပါလီမန်
  • ဂျပန်အမျိုးသားဥပဒေပြုလွှတ်တော် (ဒိုင်းယက်လွှတ်တော်)
  • ကိုရီးယားအမျိုးသားလွှတ်တော်
  • နယူးဇီးလန်ပါလီမန်
  • ပါပူဝါနယူးဂီနီအမျိုးသားလွှတ်တော်
  • ရုရှားဖက်ဒရယ်အမျိုးသားလွှတ်တော်
  • တီမောအမျိုးသားလွှတ်တော်

 

 

 

 

AIPA နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းများ

 

AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်
မိတ်ဖက် အဖွဲ့အစည်းများ -

 

  • အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)
  • နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)
  • ဂျာမန်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ)
  • Hanns Seidel Foundation
  • FREELAND

 

 

 

AIPA
ခေါင်းစဉ် နေ့စွဲ သတင်း ဒေါင်းလုပ်ရယူရန်
AIPI Booklet Download 18.06.2016 http://www.myanmarparliament.com/sites/default/files/aipa_booklet_2016.pdf Read